2019-02-07 Good Morning ရဲ့ ထုတ်ကုန်များကို Quality Product ထုတ်လုပ်ခြင်းနှင့်အညီ စားသုံးသူများရဲ့လိုအပ်ချက်များကို အမြဲကြည့်ရှုပေးနေသည့်အတွက် ထုတ်ကုန်များရဲ့ အရည်အသွေးကို Quality Assurance Department မှကြည်ရှုစစ်ဆေး လမ်းညွှန်မှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။
2019-10-19 ပျော်ရွှင်စရာအလုပ်ခွင်ဖြစ်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတဲ့အချက်ဆိုလည်း မမှားပါဘူး ..ထို့ကြောင့် L&M Mayson အနေနဲ့ ဝန်ထမ်းများရဲ့ ကျန်းမာရေးကိုရှေးရှုပြီး နှစ်စဉ်ရုံးတွင်းကျန်းမာရေး စစ်ဆေးမှုများကိုလဲ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။
2022-12-03 L&M Mayson ရဲ့ Safety Policy အရ အရောင်းကားမောင်းရန်တာဝန်ရှိသော ဝန်ထမ်းများကို အရောင်းလမ်းကြောင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် Road Safety Training များကိုလည်း တာဝန်ရှိလူကြီးများက လမ်းညွှန်ပြောကြားမျှဝေပေးလျှက်ဖြစ်ပါသည်။
2023-05-25 စစ်တွေမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ပြည်သူများအား Good Morning မိသားစုမှ ငွေကျပ် သိန်း (၇၀) တန်ဖိုးရှိ Amico Layer Cake, Omar Cake, Fresko Wafer အစရှိတဲ့ စားသောက်ကုန်များနှင့် အဝတ်အထည်များကို သွားရောက်လှူဒါန်းခြင်း။
2023-06-03 ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ ၅၃ မိုင် မေတ္တာကမ်းလက် မိဘမဲ့ဘုန်းတော်ကြီးစာသင်ကျောင်းသို့ Good Morning Company နှင့် ဝန်ထမ်းမိသားစုများက ကလေးငယ်များအတွက် တစ်နေ့တာအာဟာရအပြင် လိုအပ်နေသည့် အစားအသောက်မုန့်များ၊ ခေါင်းအုံးခြုံစောင်၊ အာဟာရနို့မှုန့်များနှင့် အမျိုးသမီးသုံးပစ္စည်းများကို သွားရောက်လှူဒါန်းခြင်း။
2023-08-07 “လတ်ဆတ်သန့်ရှင်း ဂွတ်မောနင်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ Good Morning မုန့်များကို နေ့စဉ်ထုတ်လုပ်ပေးနေသော Production ပိုင်းမှဝန်ထမ်းများကိုလည်း Food Safety နဲ့ ပတ်သက်သည့် Hazard Analysis Critical Control Point (HACCP) Knowledge အကြောင်းအရာများကိုလည်း စီမံရေးရာဌာနမှာ တာဝန်ရှိ မန်နေဂျာများကရုံးတွင်းတွင် အချိန်နှင့်တပြေးညီ သင်ကြားပြသ လမ်းညွှန်ပေးလျှက်ရှိပါသည်။”